ရခိုင်ပြည်နယ်၊ သံတွဲမြို့ လေဆိပ်တဝိုက်နားမှာ စစ်တပ်နဲ့ AA အာရက္ခတပ်တွေ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေကြောင့် ငပလီပင်လယ်ကမ်းခြေ အပန်းဖြေနေရာတွေဘက်ကို ဒေသခံတွေ ထွက်ပြေးခဲ့ကြသလို စစ်တပ်ကလည်း ဟိုတယ်တချို့ထဲ ဝင်ရောက် စခန်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ငပလီကမ်းခြေက ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေ အများအပြားရှိတယ်လို့ အာရက္ခတပ်တော် AA ပြောခွင့်ရက ပြောပါတယ်။
မြန်မာနိုင်ငံမှာ Facebook တခြား လူမှုကွန်ယက်တွေ အပါအဝင် အင်တာနက် အွန်လိုင်း အသုံးပြုသူတွေ VPN (Virtual Private Network) ကို တဆင့်ခံ သုံးစွဲနေမှုတွေကို စစ်ကောင်စီက ကန့်သတ် ပိတ်ပင်မှုတွေ လုပ်ဆောင်လာနေကြောင်း ပြည်တွင်း အင်တာနက် သုံးစွဲသူတွေက ပြောပါတယ်။
အခုမြေပြိုတဲ့ လုပ်ကွက်တွေမှာ မြေသား အက်ကြောင်းပေါ်နေပြီး မိုးရွာမယ်ဆိုရင် ထပ်မံမြေပြိုနိုင်တဲ့ အခြေအနေရှိနေတာကြောင့် အလုပ်သမားတွေအတွက် အန္တရာယ်များတယ်လို့ ပြောဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ တတိယအသုတ် စစ်မှုထမ်းဖို့အတွက် လူငယ်တွေရှိတဲ့ နေအိမ်တွေဆီ ညသန်းခေါင်အချိန် ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေကနေ လစာကောင်းကောင်းနဲ့ အလုပ်တွေ ပေးမယ်ဆိုပြီး လိမ်လည်ဖျားယောင်းတဲ့ ထောင်ချောက်ထဲ ရောက်မသွားအောင် သတိထားဖို့ အိန္ဒိယနိုင်ငံသားတွေကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံးက ဇွန်လ ၅ ရက်၊ မနေ့က ရက်စွဲနဲ့ သတိပေးချက် ထုတ်ပြန်ပါတယ်။
"သတင်းပေးရှိတာ။ ရန်သူနဲ့ပြိုင်ဘက်ဆိုတော့ ဒီလိုအခွင့်ရေးမျိုး သတင်းရတာနဲ့ ဒါမျိုးတွေကို တိုက်ခိုက်လိမ့်မယ်ပေါ့။ မင်္ဂလာဆောင် အခမ်းအနားဖြစ်တဲ့အခါကျတော့ ရက်အဝေးကြီးကတည်းက ကြိုတင်ပြီး စီစဉ်ထားတာဖြစ်တယ်။ ဖိတ်စာတွေကမ်းထားတာ ဖြစ်တော့ အဲ့ဖိတ်စာက သတင်းပေါက်ကြားတာ ဖြစ်နိုင်တာပေါ့။" (မင်းကင်းဒေသခံ)
စစ်ကောင်စီလက်ထက်မှာ အထိန်းအကွပ်မဲ့လာတဲ့ ရွှေနဲ့ ဓာတ်သတ္တုတူးဖော်မှုတွေ၊ သစ်ထုတ်လုပ်မှုတွေကြောင့် မြေယာနဲ့ သစ်တောဆုံးရှုံးမှုပမာဏဟာ စိုးရိမ်စရာ အခြေအနေနဲ့ ကြုံနေရကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနေသူတွေနဲ့ သုတေသန ပညာရှင်တွေက ဇွန်လ ၅ ရက်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ သတိပေးလိုက်ပါတယ်။
"၂၀၂၂ ကတကြိမ်ဖြတ်ခဲ့တယ်။ အခုတကြိမ်ထပ်ဖြတ်တယ်။ ပထမတကြိမ်တုန်းက လျှပ်စစ်မီးတွေနဲ့အတူ အင်တာနက်လိုင်းတွေဖြတ်တယ်။ အင်တာနက်လိုင်းက ထိုင်းဘက်က အများကြီးရှိတယ်။ တလိုင်းဖြတ်ရင် နောက်တလိုင်းပေးတယ်။ အခု အစိုးရလိုင်းတွေက အကုန်လုံးဖြတ်ပစ်တယ်။ သူတို့က မီးစက်တွေမောင်း၊ ဆိုလာပြားတွေထောင်ပြီး အလုပ်လုပ်ကြတယ်။"(ဒေသခံ)
စစ်တွေမြို့နယ် ၊ ဗျိုင်းဖြူကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သားပြည်သူတွေကို သတ်ဖြတ်ခြင်းမရှိခဲ့ဘူးလို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ (၄) ရက်နေ့မှာ ငြင်းချက်ထုတ်ပါတယ်။
ပဋိပက္ခတွေ၊ ဥတုရာသီပြောင်းလဲလာမှုတွေကြောင့် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ ငတ်မွတ်ခေါင်းပါးမှုနဲ့ စားနပ်ရိက္ခာ ရှားပါးမှုတွေ ပိုဆိုးလာနိုင်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပူးတွဲထူထောင်သူ နာယကကြီး သူရဦးတင်ဦးရဲ့ ဈာပနကို ဒီကနေ့ ရန်ကုန်မှာ ကျင်းပခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၈ နှစ် ရှိပြီဖြစ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းလဲဖြစ်တဲ့ ဦးတင်ဦးရဲ့ရုပ်အလောင်းကိုတော့ ရေဝေးသုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်