လုံခြုံရေးတပ်ဖွဲ့တွေနဲ့ မိသားစုဝင်တွေကို အလှည့်ကျ သယ်ဆောင်ပေးတဲ့အချိန် ကမ်းက ခွင့်ပြုချက်မရဘဲ ချဉ်းကပ်ဖို့ ကြိုးစားခဲ့တဲ့ စက်လှေကို မကပ်ဖို့ပြောပေမဲ့ ရာသီဥတု ဆိုးရွားနေပြီး လှိုင်းသံ၊ လှေသံကြားမှာ ပြောမရဖြစ်နေတာကြောင့် လက်နက်ငယ် ၂ ချက်ပစ်ဖေါက်ပြီး ကမ်းကို ပြန်ခိုင်းခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြတဲ့ ARSA နဲ့ RSO အဖွဲ့တွေကြား မကြာခဏ တိုက်ခိုက်မှုတွေ ဖြစ်လေ့ရှိတတ်တဲ့ ဒုက္ခသည်စခန်းမှာ မနေ့တုန်းက ဖြစ်ရပ်ကြောင့် ၇ ဦး ဒဏ်ရာရတယ်လို့လည်း ပြောပါတယ်။
အခြားမြန်မာသတင်းဌာန တချို့မှာတော့ သပြေသာရွာကို စစ်ကောင်စီ ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၆ ဦးအထိ ရှိတယ်လို့ ရေးသားထားပါတယ်။ သေဆုံးသူအရေအတွက်နဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြား စုံစမ်းအတည်ပြုလို့မရသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း ဒီအခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ကချင်ပြည်နယ် မှာ ကုန်သွယ်ရေးအရ အရေးပါတဲ့ ဝိုင်းမော်- ဆဒုံး- ကန်ပိုက်တီကားလမ်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၃ ခုကိုKIA နဲ့ ပူးပေါင်းတပ်တွေက ဒီကနေ့ အင်္ဂါနေ့ မနက်အစောပိုင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကိုပြောပါတယ်။
NUG အစိုးရကို ကိုယ်စားပြုတဲ့ မြန်မာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) လက်ထောက်အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး ကို ILO အပြည်ပြည်ဆိုင်ရာအလုပ်သမားများအဖွဲ့ချုပ်ရဲ့ အလုပ်သမားတွေကို ကိုယ်စားပြုတဲ့ လက်ထောက် အုပ်ချုပ်ရေးအဖွဲ့၀င် အဖြစ် ဇွန်လ (၉)ရက်နေ့မှာ ရွေးကောက်တင်မြှောက်ခဲ့ကြပါတယ်။
မုံရွာမြို့နယ် ထနောင်းတောမြောက်ရွာမှာ လူနေအိမ်တချို့ မီးရှို့ခံရပြီး လူငယ် ၃ ဦး အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုံရွာမြို့ပေါ်မှာ စစ်မှုထမ်းဖို့ လူစုဆောင်းနေတာရှိသလို ရွာတွေဘက်မှာတော့ နယ်မြေရှင်းလင်းစစ်ဆင်ရေးတွေရှိနေတယ်လို့ သိရပါတယ်။
LGBTQ+ တွေကို ဂုဏ်ပြုတဲ့ဇွန်လအတွင်း ထိုင်းနိုင်ငံမှာ လိင်တူချင်း လက်ထပ်တဲ့ ဥပဒေအတည်ပြုပြဌာန်းနိုင်ဖို့ မျှော်လင့်နေကြသူတွေထဲမှာ မြန်မာ့ LGBTQ+ အသိုင်းအဝိုင်းလည်းပါ၀င်နေပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ဆယ်စုနှစ် ၂ ခု ကျော်ကြာ နေထိုင်နေရတဲ့ဒုက္ခသည်တွေကို တတိယနိုင်ငံကို သွားရောက်အခြေချနေထိုင်ရေး အခု ဇွန်လမှာစတင်ခေါ်ယူတော့မယ်လို့ ကရင်ဒုက္ခသည်များကော်မတီကနေ သိရပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင် သောင်ရင်းမြစ်နဘေးက လူဦးရေ ၅,၀၀၀ လောက်ရှိတဲ့ ပလောတပို့ စစ်ဘေးရှောင်စခန်းမှာ မြစ်ရေတက်လာလို့ စစ်ဘေးရှောင်တွေရဲ့အိမ်တချို့ ရေတိုက်စားပြီးပြိုပျက်ကုန်ပါတယ်။
နိုင်ငံပျက်စီးအောင် နိုင်ငံသားတွေက လုပ်ဆောင်နေပြီး ဒေသပျက်စီးအောင် ဒေသခံအကြမ်းဖက်သမားများကသာ လုပ်ဆောင်နေတာဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အပြစ်တင်ပါတယ်။
ကိုဗစ်ကာလ စီးပွားရေးလုပ်ငန်းတွေကို ထုတ်ချေးထားတဲ့ ချေးငွေတွေအားလုံးကို အခုလာမဲ့ဇူလိုင်လမှာ နောက်ဆုံးထား ပြန်မဆပ်ဘူးဆိုရင် လုပ်ငန်းလိုင်စင်တွေ ယာယီပိတ်သိမ်းမယ်လို့ ဖိအားပေးခံနေရကြောင်း လုပ်ငန်းရှင်တွေက ဗွီအိုအေကိုပြောပါတယ်။
တချိန်တည်းမှာပဲ မောင်တောမြို့ကနေ ဆုတ်ခွာလာကြတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ဝင်တွေနဲ့ မိသားစုဝင်တွေကို စစ်ကောင်စီရေတပ်က လက်မခံပဲ ခြောက်လှန့်ပစ်ခတ်ခဲ့တယ်လို့ဆိုတဲ့ ဗွီဒီယိုဖိုင်တခုကိုလည်း ဒီကနေ့အစောပိုင်းမှာပဲ AA အဖွဲ့က ထုတ်ပြန်ခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်