ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၄) ကတပ်ရင်းတပ်ဖွဲ့တွေနဲ့ PDF စတဲ့ပူးပေါင်းတပ်တွေဟာတနင်္သာရီတိုင်းအတွင်းက နှစ်သုံးဆယ်နီးပါးစစ်ကောင်စီကတပ်စွဲထားရာ သက်တမ်းရင့်စခန်းတခုဖြစ်တဲ့ အောင်သာဝရစခန်းကို ၂ လနီးပါးကြာ ပိတ်ဆို့ထားပြီးတဲ့နောက် ဇွန်လ ၁၄ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
မြန်မာနိုင်ငံဘက်က ပစ်လိုက်တဲ့ကျည်တွေ ဘင်္ဂလားဒေ့ရှ်ပိုင်နက် Saint Martin ကျွန်းကို ကျရောက်ခဲ့တဲ့အတွက် ဒီကိစ္စကို နှစ်နိုင်ငံအကြား ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ပို့ဆောင်ရေးနဲ့ လမ်းတံတားဆိုင်ရာဝန်ကြီး Obaidul Quader က ပြောလိုက်ပါတယ်။
မြန်မာ့အရေး ငြိမ်းချမ်းတဲ့နည်းနဲ့ ဆွေးနွေးအဖြေရှာရာမှာ ထိုင်းနိုင်ငံဟာ အရေးပါတာကြောင့် သံတမန်ရေးအရ ဦးစားပေး ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမယ်လို့ မကြာသေးခင်ကမှ အသစ်ခန့်လိုက်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa ကပြောလိုက်ပါတယ်။
‘ဝ’ ဒေသ စက်မှုနှင့် သတ္တုတွင်းဗျူရိုက ဇွန်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ လက်ကျန် ခဲမဖြူတွေ တင်ပို့ခွင့်ကို တောင်းခံခဲ့တာဖြစ်ပြီး ဒါကို ‘ဝ’ ဗဟိုစီးပွားရေး စီမံကိန်း ကော်မတီက ဇွန်လ ၁၄ ရက်နေ့က ခွင့်ပြုပေးခဲ့တာပါ။
တနင်္သာရီတိုင်း မြိတ်၊ ထားဝယ်ခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နယ်မြေမှာရှိတဲ့ အောင်သာဝရ၊ ကရင်လို အခေါ် ဝေ့တူရေ့ စစ်စခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းယူခဲ့ပါတယ်။
စစ်ကော်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ပြည်သူ့ကာကွယ်ရေးတပ်တွေ ကရင်ပြည်နယ်မှာ တိုက်ပဲွ ဆက်ဖြစ်နေပြီး အာရှလမ်းကတဆင့် ကုန်စည် စီးဆင်းမှု လုပ်မရတဲ့အတွက် ကုန်သည်တွေလည်း အခက်အခဲ ဖြစ်နေပါတယ်။
"တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက် လိုလားချက်တွေနဲ့ပတ်သတ်ပြီး အထက်မှာလည်းပြောပြီးသားဖြစ်ပါတယ်၊ ဆိုတော့ သူတို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေပြီးတော့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမယ့်ဟာကို သူ့ဘက်က လိုလားတယ်၊ နောက်ပြီးတော့ သူတို့ရဲ့ ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့ အကျိုးစီးပွားတွေကို အပြည့်အဝ ကာကွယ်ပေးစေချင်တယ်။"
အာရက္ခတပ်တော်AAနဲ့ တိုက်ပွဲတွေ ပြင်းထန်နေ တဲ့ ရခိုင်မှာ စစ်တွေမြို့နယ် ကျေးရွာပေါင်း ၁ဝကျော်က ဒေသခံတွေကို စစ်တွေမြို့တွင်းသို့ အတင်းကြပ်ရှွေ့ပြောင်းခိုင်းနေပြီး လူသားဒိုင်းသဖွယ် အဖြစ် အသုံးပြုဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောဆိုကြပါတယ်။
ထိုင်းမြန်မာနယ်စပ် မြဝတီဘက်က ကောစင်တာလို့ခေါ်တဲ့ ဒီအွန်လိုင်းလိမ်လည်ဂိုဏ်းတွေကိုပို့မယ့် တရုတ်ထုတ် ဟွာဝေး (Huawei) ဖုန်း အဟောင်း ၁၀၀၀ ကျော်ကို မဲဆောက်-မြဝတီနယ်စပ် ထစိုင်လွတ်နယ်မြေမှာ တနေ့ ဗုဒ္ဓဟူးနေ့ကဖမ်းမိခဲ့တယ်လို့ ထိုင်းနယ်ခြားစောင့်တပ်က သတင်းပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ကင်းစင်အောင်ဆောင်ရွက်ဖို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှာကြားခဲ့ပြီးနောက် နိုင်ငံတဝန်းဆက်တိုက်ဖမ်းဆီးမှုတွေကို စစ်ကောင်စီသတင်းတွေမှာ ဖေါ်ပြနေပါတယ်။
ကချင်ပြည်နယ်မှာ စီးပွားရေးအရအရေးပါတဲ့ ဝိုင်းမော်မြို့နယ်ထဲက စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်နဲ့ ပြည်သူ့စစ် တပ်စခန်း ၄ ခုကို ၂ ရက်အတွင်း သိမ်းယူခဲ့တယ်လို့ KIA ကပြောပါတယ်။ တပ်စခန်းတွေကနေ စစ်တပ်တွေ ဆုတ်ခွာနေပေမဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ပိတ်ထားတဲ့ Facebook လို၊ အွန်လိုင်းဝဘ်စာမျက်နှာတွေထဲဝင်နိုင်ဖို့ သုံးနေကြတဲ့ VPN ကြားခံအင်တာနက်ကွန်ရက် App တွေ ဖုန်းထဲမှာ ရှိမရှိ ရန်ကုန်မြို့၊ မန္တလေးမြို့တွေမှာ အာဏာပိုင်တွေ လိုက်လံစစ်ဆေးနေပါတယ်။ တချို့နေရာတွေမှာ VPN app တွေ့လို့ အဆမတန် ဒဏ်ငွေရိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်