ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့အချိန်မှာ "သူ ဘယ်နေရာမှာ၊ ဘယ်လိုအခြေအနေမျိုးနဲ့ ထိန်းသိမ်းခံနေရပြီး ကျန်းမာရေးအခြေအနေ ဘယ်လိုရှိနေတယ်ဆိုတာ မသိရပေမဲ့ တကမ္ဘာလုံးက သူနဲ့အတူ ရပ်တည်နေတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ခံစားသိနေမှာပါ" လို့ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်က ပြောလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အကျဥ်းထောင်ထဲမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေဟာ နေရပ်ပြန်ပို့မယ်ဆိုတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းစလို့ အစာငတ်ခံဆန္ဒပြနေခဲ့ကြလို့ ထောင်အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲတာကြောင့် ဒဏ်ရာရသူတချို့ ရှိတယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
"ဂျပန်ကနေ ဆန်ကူညီထားတယ်လို့ ကြားတယ်။ ဒီကိုရောက်လာတဲ့ ဆန်က လူကယ်ပြန်ရဲ့ဆန်။ အဲဒီလူကယ်ပြန်က သူတို့အနေနဲ့ ဒီအတိုင်းဝင်လာတာ မဟုတ်ဘဲနဲ့ ဒေသဦးစီးနဲ့ ချိတ်ဆက်ပြီးတော့မှ ဝင်လာတာ။ ဂျပန်တွေ ထောက်ပံ့ထားတာက ဘယ်လိုတွေ သွားနေတယ်ဆိုတာတော့ မသိဘူး။ ကျနော်တို့ ဆီဆိုင်ကိုတော့ ရောက်မလာသေးဘူး။" (မြို့ခံ)
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူနဲ့ မန်တုံမြို့နယ်တွေမှာရှိနေတဲ့ မိုင်းဘော်နဲ့အွယ်လောကျေးရွာကြား ကားလမ်းပိုင်းကို ကချင် KIA က ယာဉ်အသွားအလာ ဖြတ်တောက်ခဲ့တယ်လို့ တအန်း TNLA စွပ်စွဲပြီးနောက် နှစ်ဘက်တပ်တွေကြား အခြေအနေတင်းမာနေတာ အခုထိ မပြေလည်သေးပါဘူး။
ဒီနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ၇၉ နှစ်ပြည့်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အနောက်နိုင်ငံသံရုံးတချို့က သူတို့ရဲ့ Facebook လူမှုကွန်ရက်တွေပေါ်မှာ ပုံတွေတင်ပြီး ဂုဏ်ပြုကြပါတယ်။
သံမဏိနှင်းဆီလို့တင်စားကြလေ့ရှိတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ရန်ကုန်မြို့အပါအဝင် ပြည်တွင်းမြို့တချို့မှာ ပန်းသပိတ်အပါအဝင် လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။ အန္တရာယ်ကြားက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေလုပ်ခဲ့ကြတာပါ။
ချင်းပြည်နယ် မတူပီမြို့နယ်ထဲက စစ်တပ်စခန်းတွေကို သိမ်းနိုင်ဖို့ ချင်းညီနောင် မဟာမိတ်အဖွဲ့တွေ တိုက်ခိုက်နေတာမှာ ၂ ဘက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်တပ်စခန်း ခမရ (၃၀၄) ကိုတော့ ဇွန် ၁၇ ရက်က သိမ်းယူနိုင်ခဲ့တယ်လို့ ချင်းညီနောင် ပူးပေါင်းတော်လှန်ရေး အဖွဲ့က ဗွီအိုအေကိုပြောပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့ကို Timor-Leste (အရှေ့တီမော) နိုင်ငံမှာ ဒီနေ့ကျင်းပတာမှာ သမ္မတ Jose Ramos-Horta (ဂျိုဆေး ရာမို့စ် ဟော်တာ) ကိုယ်တိုင် တက်ရောက်ပါတယ်။ ဒီပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်နဲ့ မဲလမဲ့ခရိုင်တွေကို လိပ်မူပြီး ပို့ဖို့ပြင်နေတဲ့ Starlink ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်း ၅၈ ခုကို ထိုင်တာဝန်ရှိသူတွေ ဖမ်းဆီးလိုက်ပါတယ်။
စစ်ကောင်စီ ဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉)နှစ်မြောက် မွေးနေ့ ဂုဏ်ပြုဖွယ်အခမ်းအနားကို Timor-Leste တီမော လတ်စ်တေ နိုင်ငံ မှာ ဒေသစံတော်ချိန် ညနေပိုင်းမှာ ပြုလုပ်ဖို့ရှိပြီး သမ္မတ Dr. Jose Ramos-Horta ကိုယ်တိုင် တက်ရောက်ချီးမြှင့်မှာဖြစ်ပါတယ်။
ထောင်ဒဏ် (၂၇)နှစ် ချမှတ်ထိမ်းသိန်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ကျရောက်တဲ့ (၇၉) နှစ်မြောက် မွေးနေ့ ဂုဏ်ပြုလှုပ်ရှားမှုတွေကို နိုင်ငံတကာနဲ့ ပြည်တွင်း မှာ ပုံစံမျိုးစုံနဲ့ ပြုလုပ်နေကြပါတယ်။
မင်းတပ်မြို့နယ် တိုက်နယ် ၁၃ ခုက စစ်ဘေးရှောင်တွေထဲမှာ အသက် ၅ နှစ်အောက်ကလေးငယ် ၄ ဦးနဲ့ အသက် ၄၀ အထက် ၅ ဦး စုစုပေါင်း ၉ ဦးတို့ဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ခဲ့တယ်လို့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ တာဝန်ခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်