"ပြည်သူလူထု ဆွမ်းကျေးဇူးရှင်တွေ ဒုက္ခရောက်နေချိန်... မိမိတို့နဲ့ မဆိုင်သလိုမနေကြဖို့၊ ပြည်တွင်းပြည်ပရှိနေတဲ့ သံဃာတွေက ညီညီညွတ်ညွတ်နဲ့ သပိတ်မှောက်ကံဆောင်တာတွေ ဆန္ဒပြတာတွေ ကန့်ကွက် ထုတ်စာတွေမှာ ညီညီညွတ်ညွတ်ပါဝင်ဖို့ ပြည်သူလူထုနဲ့ တသားတည်း ရပ်တည်ကြဖို့ ဦးဇင်းက တိုက်တွန်းချင်တယ်။" (ကံဆောင်ဆရာတော်တပါး)
အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet ဟာ လက်ရှိရာထူးက အနားယူပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ရဲ့ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ပြောင်းလဲထမ်းဆောင်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီကနေ့ ဇွန်လ ၂၄ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်က နာမည်ကျော် ငပလီကမ်းခြေအနီး လေယာဉ်ကွင်းကို အာရက္ခတပ်တော် AA ကသိမ်းပိုက်လိုက်ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ဒီနေ့မှာတော့ တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် မကြားရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့နယ် အခြေစိုက် စစ်ကောင်စီ တပ်စခန်းတခုကို ကရင်တိုင်းရင်းသား လက်နက်ကိုင် KNLA နဲ့အတူး ပူးပေါင်း သိမ်းပိုက်လိုက်ကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ဝင်းနိမ္မိတာရုံကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်ခဲ့တဲ့ ဖြစ်ရပ်အတွက် ခွင့်လွှတ်ဖို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တောင်းပန်စာကို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဝင်းနိမ္မိတာရုံကျောင်းတိုက်ကို လာပြီး ဆရာတော်တွေရှေ့မှောက်မှာ ဖတ်ကြားပြခဲ့ပါတယ်။
ဒီနေ့ တနင်္လာနေ့ကစပြီး အိမ်ထောင်စုတခုကို ဆန်တအိတ်နှုန်း လျှော့ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။
မြန်မာစစ်ကောင်စီလက်ထက် လက်တွေ့ကျင့်သုံးနေတဲ့ စစ်မှုထမ်းဥပဒေအရ စုဆောင်းခဲ့တဲ့ တပ်သားသစ် ၅၀၀၀ လောက်ဟာ ဒီလကုန်မျာ စစ်သင်တန်းပြီးဆုံးတဲ့အခါ စတင်စစ်မှုထမ်းရတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အခြေစိုက် စစ်ကောင်စီ တပ်စခန်း ၃ ခုကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့ သိမ်းယူလိုက်ကြောင်း ဒေသခံတွေက ဗွီအိုအေကို အတည်ပြုပါတယ်။
ရခိုင် တောင်ပိုင်း သံတွဲက ကမ္ဘာကျော်ကမ်းခြေရှိနေတဲ့ ငပလီ လေဆိပ်အပါအ၀င် အနီးအနားမှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ (၅၆၆) တပ်ရင်းနဲ့ ငပလီသံတွဲလမ်းဆုံမှာရှိတဲ့ ခလရ (၅၅) တပ်ရင်းကို မနေ့ တနင်္ဂနွေနေ့က အာရက္ခတပ်တော် AAဘက်က သိမ်းပိုက်လိုက်တယ်လို့ ငပလီ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
ထိုင်းမြန်မာနယ်စပ် တနင်္သာရီတိုင်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် မာရမ်းကျေးရွာထဲက မာရမ်းရဲစခန်းကို ဒေသခံက ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့အပြီးမှာ ဒေသခံ ကျေးရွာသား ၂၀၀ လောက်ဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းက တိုက်ခိုက်တဲ့ အန္တရာယ်တွေကို စိုးရိမ်တဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တွင်းက Kamjong ခရိုင်ထဲမှာ လာရောက် ခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ၅ ထောင်ကျော် ရှိတယ်လို့ ဒေသခံတပ်မှူးတဦးကို ကိုးကားပြီး အိန္ဒိယနိုင်ငံက သတင်းတွေမှာ ဖော်ပြပါတယ်
မြန်မာနိုင်ငံမှာ ဆန်စပါးဈေးတွေ အဆမတန် မြင့်တက်နေတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတွေကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်