ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားနှစ်ရာငါးဆယ်ကို ဒိုက်ဦးထောင်ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထောင်အာဏာပိုင်တွေက ရွှေ့ပြောင်းခဲ့ပါတယ်။ နိုင်ငံရေးအကျဥ်းသားတွေကို ကား ၅ စီးနဲ့ ခေါ်ယူသွားတာဖြစ်ပြီး နာမည် အရေ အတွက် အတိအကျကိုတော့ လတ်တလော မသိရသေးပါဘူး။
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံပတ်သက်လို့ မူဝါဒပြောင်းလဲတာမျိုးမရှိဘဲ မြန်မာစစ်ကောင်စီကိုဖိအားပေးဖို့ သံတမန်ရေးနည်းလမ်းအားလုံးကို အသုံးပြုနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။
“အလုပ်ကောင်းကောင်းရမယ်ဆိုပြီး လိမ်ညာခေါ်ယူပါတယ်၊ သူတို့ဖုံးတွေကို သိမ်း၊ မြန်မာနိုင်ငံထဲ ပိတ်ဆို့ထားတဲ့ခြံဝန်းတွေထဲကို ခေါ်ယူသွားခံရပါတယ်။ အဲဒီမှာ သူတို့ကို အွန်လိုင်းပေါ်ကနေ တခြားသူတွေကို ငွေကြေးလိမ်လည်တာတွေ လုပ်စေပါတယ်။ အလိမ်ခံရသူတွေထဲ အမေရိကန်နိုင်ငံသားတွေလည်း ပါဝင်ပါတယ်။” (အန်တိုနီဘလင်ကန်)
စစ်ကောင်စီက ပြဌာန်းအကောင်အထည်ဖော်နေတဲ့ စစ်မှုထမ်း ဥပဒေအရ အပတ်စဉ် ၅ မှာ အမျိုးသမီးတွေကို စစ်မှုထမ်းခေါ်ယူတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ကာယကံရှင်မိန်းကလေးတွေရော မိဘတွေမှာပါ စိုးရိမ်ကြောင့်ကျမှု တိုးလာနေပါတယ်။
"ပြည်သူလူထု ဆွမ်းကျေးဇူးရှင်တွေ ဒုက္ခရောက်နေချိန်... မိမိတို့နဲ့ မဆိုင်သလိုမနေကြဖို့၊ ပြည်တွင်းပြည်ပရှိနေတဲ့ သံဃာတွေက ညီညီညွတ်ညွတ်နဲ့ သပိတ်မှောက်ကံဆောင်တာတွေ ဆန္ဒပြတာတွေ ကန့်ကွက် ထုတ်စာတွေမှာ ညီညီညွတ်ညွတ်ပါဝင်ဖို့ ပြည်သူလူထုနဲ့ တသားတည်း ရပ်တည်ကြဖို့ ဦးဇင်းက တိုက်တွန်းချင်တယ်။" (ကံဆောင်ဆရာတော်တပါး)
အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet ဟာ လက်ရှိရာထူးက အနားယူပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ရဲ့ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ပြောင်းလဲထမ်းဆောင်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီကနေ့ ဇွန်လ ၂၄ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်က နာမည်ကျော် ငပလီကမ်းခြေအနီး လေယာဉ်ကွင်းကို အာရက္ခတပ်တော် AA ကသိမ်းပိုက်လိုက်ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ဒီနေ့မှာတော့ တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် မကြားရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့နယ် အခြေစိုက် စစ်ကောင်စီ တပ်စခန်းတခုကို ကရင်တိုင်းရင်းသား လက်နက်ကိုင် KNLA နဲ့အတူး ပူးပေါင်း သိမ်းပိုက်လိုက်ကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ဝင်းနိမ္မိတာရုံကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်ခဲ့တဲ့ ဖြစ်ရပ်အတွက် ခွင့်လွှတ်ဖို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တောင်းပန်စာကို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဝင်းနိမ္မိတာရုံကျောင်းတိုက်ကို လာပြီး ဆရာတော်တွေရှေ့မှောက်မှာ ဖတ်ကြားပြခဲ့ပါတယ်။
ဒီနေ့ တနင်္လာနေ့ကစပြီး အိမ်ထောင်စုတခုကို ဆန်တအိတ်နှုန်း လျှော့ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။
မြန်မာစစ်ကောင်စီလက်ထက် လက်တွေ့ကျင့်သုံးနေတဲ့ စစ်မှုထမ်းဥပဒေအရ စုဆောင်းခဲ့တဲ့ တပ်သားသစ် ၅၀၀၀ လောက်ဟာ ဒီလကုန်မျာ စစ်သင်တန်းပြီးဆုံးတဲ့အခါ စတင်စစ်မှုထမ်းရတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အခြေစိုက် စစ်ကောင်စီ တပ်စခန်း ၃ ခုကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့ သိမ်းယူလိုက်ကြောင်း ဒေသခံတွေက ဗွီအိုအေကို အတည်ပြုပါတယ်။
နောက်ထပ်ကြည့်ရှုရန်