ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ဇွန်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ရနောင်းခရိုင်ကနေ မြန်မာနိုင်ငံ ကော့သောင်းဘက်ကနေတဆင့် ပြန်ပို့ခဲ့ပါတယ်။ အများစုကတော့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတွေ၊ လူပွဲစားတွေနဲ့လာကြသူတွေ၊ အကျဉ်းထောင်မှာနှစ်ရှည်အကျဉ်းကျခံပြီးသူတွေဖြစ်ကြပါတယ်။
မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာက ဒေသခံ အယောက် ၅၀ ကျော်ကို ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး အယောက် ၂၀ ကျော်သာ ပြန်လည်လွတ်မြောက်လာခဲ့ပေမဲ့ ကျန် ၃၀ ကျော်ကိုတော့ အခုချိန်ထိ မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
"အတင်းအဓမ္မ စစ်သား စုဆောင်းစရာမလိုတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ကျနော်တို့မှာ စစ်သားတွေက 'ဒီအပတ်စဉ်မှာလူပြည့်လို့ နောက်အပတ်စဉ်မှလာ' ဆိုပြီးလုပ်နေရတဲ့ အနေအထားမျိုးပါ။ ကျနော်တို့အနေနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းစရာမလိုပါ။" (ခိုင်သုခ- AA ပြောခွင့်ရ)
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ မြန်မာစစ်ဘေးကူညီရေးရုံးခန်းတခုကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စီးနင်းပြီး ရုံးတာဝန်ရှိသူတဦးကို ကိုယ်ထိလက်ရာက်ကျူးလွန်ခဲ့တဲ့အပေါ် ဥပဒေကြောင်းအရ ပြန်တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ ရုံးတာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာ၊ ပါလက်စတိုင်းနယ်မြေ၊ ဆူဒန်၊ ကွန်ဂို၊ ဆိုမာလီယားနဲ့ နိုက်ဂျီးရီးယား နိုင်ငံတွေမှာ ပြီးခဲ့တဲ့နှစ်အတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြား ကလေးငယ်တွေ အသတ်ခံရတဲ့အရေအတွက် အဆိုးဆုံးဖြစ်ခဲ့တာကို တွေ့ရတဲ့အကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အစီရင်စာ တင်သွင်းခဲ့တာပါ။
တရုတ်နိုင်ငံဗဟိုဘဏ်က ရွှေဝယ်ယူစုဆောင်းမှုတွေကို ဆိုင်းငံ့လိုက်သလို၊ မကြာသေးခင်က မြန်မာနိုင်ငံမှာ လုပ်ငန်းရှင်တချို့ကို ဖမ်းဆီးအရေးယူမှုတွေရဲ့ ရိုက်ခတ်မှုကြောင့် ပြည်တွင်းရွှေဈေး ပြန်ကျလာတာ ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းနေကြတာပါ။
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၃၈ ယောက်ကို မြန်မာဘက်ကို ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့မှာ ပြန်လည် လွဲပြောင်းပေးလိုက်ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး N. Biren Singh က လူမှုကွန်ယက်မှာ ရေးပါတယ်။
ကချင်ပြည်နယ်မှာ ကုန်သွယ်ရေးအရ အချက်အချာကျတဲ့ ကန်ပိုက်တီလမ်းက အဓိကစခန်း တခုအပါ စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို သိမ်းပိုက်လိုက်ကြောင်း KIA က ပြောလိုက်ပါတယ်။ ဝိုင်းမော်- ကန်ပိုက်တီလမ်းက စစ်ကောင်စီရဲ့ ဆဒုံးတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ မနေ့နှောင်းပိုင်းက သိမ်းပိုက်နိုင်ခဲ့တာလို့လည်း ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေချိန်မှာပဲ ငြိမ်းချမ်းရေးအတွက်ဆွေးနွေးဖို့ စစ်ကောင်စီအကြီးအကဲကပြောလိုက်ပါတယ်။ဒါပေမဲ့လည်း လတ်တလော တရားဝင်ကမ်းလှမ်းမှုမျိုးတော့မရှိသေးဘူးလို့လည်း NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ALP ကပြောပါတယ်။
မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုဟာ လွန်ခဲ့တဲ့ ခြောက်နှစ်ကစပြီး ဆိုးရွားလာနေတာ အခုဆိုရင် မကြုံစဖူးအခြေအနေမျိုးရောက်ရှိနေကြောင်း ကမ္ဘာ့ဘဏ်က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေကြား ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်မှုမရှိကြောင်း အာရက္ခတပ်တော် AA က ထပ်မံငြင်းဆန်လိုက်ပါတယ်။ ဘာသာရေး၊ လူမျိုးရေး တင်းမာမှုတွေ မဖြစ်အောင်လုပ်မယ်လို့လည်း ကတိပြုလိုက်ပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ကြားမှာတော့ စိုးရိမ်မှုတွေ ရှိနေဆဲပါ။
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သန်း ၉၉၀ ကျော် လိုအပ်နေပေမဲ့ နှစ်ဝက်လောက် ရှိလာတဲ့အထိ လိုအပ်တဲ့အကူအညီရဲ့ ၁၂ ရာခိုင်နှုန်းပဲ ရနေသေးတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က မနေ့က X လူမှုကွန်ယက်မှာ စာရင်းထုတ်ပြန်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်