ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာ ဘိဝံသ ပျံလွန်တော်မူခဲ့တဲ့ ဇွန်လ ၁၉ ရက်က ပစ်ခတ်မှုဖြစ်စဥ်အမှန်ကို စစ်ကောင်စီက စိစစ်ဖေါ်ထုတ်နေတယ်လို့ ဇွန်လ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်တဲ့အတိုင်း လုပ်ဆောင်ဖို့ Amnesty International လူ့အခွင့်ရေး အဖွဲ့ကြီးက ကြေညာချက်ထုတ်ပြန် တောင်းဆိုပါတယ်။
လူနာရှိလို့မြင်းခြံဆေးရုံကိုသွားပို့ပြီး LockDown အချိန်က လွန်သွားပြီလေ။ မြင်းခြံကနေ စခမ ကျေးရွာကိုအပြန် စစ်ကောင်စီတွေ ကင်းပုန်းဝပ်နေတဲ့နေရာကိုအဖြတ် ကားရှေ့မီးတော့ဖွင့်တယ်။ အတွင်းမီးမဖွင့်တော့ ဆရာတော့်ကို မတားမပြုဘဲ၊ ပုံစံကြည့်တာ မူးရူးနေတယ်နဲ့တူတယ်။ အဲ့ဒါကြောင့် ပစ်ခတ်ပစ်တာထင်တယ်။" (ဒေသခံ)
"နိုင်ငံရဲ့အနာဂတ်လည်း အကုန်ပျက်သွားပြီ၊ ပျောက်နေတယ်။ ဇွတ်ကြီးကောက်လိုက်လည်း ပျောက်နေတဲ့လူငယ်တွေ ဘာလုပ်ရမှာလဲ။ သူတို့တတွေရဲ့ အခန်းကဏ္ဍကို ဖုံးကွယ်ဖို့၊ မေ့ဖျောက်ဖို့ ကြိုးစားရတာလား။ နိုင်ငံတနိုင်ငံအတွက် သန်းခေါင်စာရင်းလိုတယ်။ ဒါပေမဲ့ဒီအခြေအနေမှာ မဖြစ်နိုင်ဘူး။ အဲဒါကိုဆိုလိုချင်တာ။" (မန္တလေးဒေသခံ)
မြန်မာနိုင်ငံမှာ စားသုံးကုန်ဈေး မတက်အောင် စစ်ကောင်စီက ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေကို ဖိအားပေးနေတဲ့ တချိန်တည်းမှာပဲ ကုန်ပစ္စည်းရှားပါးမှုနဲ့ ကြုံနေရပါတယ်။ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေက ဆိုင်တွေမှာ ဆန်၊ ဆီ စတဲ့ အခြေခံစားကုန်တွေ ပြတ်လတ်နေတယ်လို့လည်း ဝယ်ယူစားသုံးသူတွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အကြားမှာ ဒီကနေ့ အနည်းဆုံး ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ် ၃မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့သလို၊ ဒေသခံတချို့ ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တာပါ။
ဇွန်လ ၂၂ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ WFP ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် သိုလှောင်ရုံ ဖေါက်ထွင်းခံရပြီး လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပစ္စည်းတွေ လုယက်ခံရသလို မီးရှို့ခံရတာကြောင့် ဒီ လုပ်ရပ်ကို ရှုတ်ချတဲ့အကြောင်း WFP က ဒီနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်က အပန်းဖြေကမ်းခြေမြို့ဖြစ်တဲ့ ငပလီမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိုင်း-မြန်မာ နယ်စပ်၊ ချင်းရိုင်ခရိုင်၊ ဖန်မြို့နယ်မှာ နှစ်ရက်အတွင်း စိတ်ကြွဆေးပြား ခုနစ်သန်း လေးသိန်းနဲ့ ဘိန်း ဖြူ ၂၂၅ကီလို ဖမ်းမိခဲ့ပါတယ်။
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink နဲ့ မြန်မာရေတပ်အကြီးတန်းအရာရှိတဦးနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် စိုးရိမ်တဲ့အကြောင်း မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ အရပ်ဖက်အဖွဲ့အစည်း နှစ်ဒါဇင်ကျော်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ဒီနေ့ အိတ်ဖွင့်ပေးစာ ပေးပို့ထားပါတယ်။
ထောင်တွင်း ဖိနှိပ်မှုသတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ရန်ကုန် အင်းစိန်ထောင်က နိုင်ငံရေး အကျဉ်းသား ၂၅၀ လောက်ကို နယ်ထောင်ရွှေ့လိုက်တယ်လို့ အကျဉ်းသား အခွင့်အရေး စောင့်ကြည့်လှုပ်ရှားသူတွေက ပြောပါတယ်။
မန္တလေးတိုင်း မြင်းခြံဘက်မှာ ပရဟိတဆောင်ရွက်နေတဲ့ သံဃတော်တပါး အပြန်ခရီး ကားပေါ်မှာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။ ပျံလွန်တော်မူသွားတဲ့ စခမ ကျေးရွာ ဆရာတော်ဟာ လူနာကို မြင်းခြံဆေးရုံကို ပို့ဆောင်ပြီး အပြန်မှာ ကင်းပုန်းစောင့်နေတဲ့ စစ်ကောင်စီလုံခြုံရေးတပ်တွေဘက်က ပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားနှစ်ရာငါးဆယ်ကို ဒိုက်ဦးထောင်ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထောင်အာဏာပိုင်တွေက ရွှေ့ပြောင်းခဲ့ပါတယ်။ နိုင်ငံရေးအကျဥ်းသားတွေကို ကား ၅ စီးနဲ့ ခေါ်ယူသွားတာဖြစ်ပြီး နာမည် အရေ အတွက် အတိအကျကိုတော့ လတ်တလော မသိရသေးပါဘူး။
နောက်ထပ်ကြည့်ရှုရန်