ကုလသမဂ္ဂအတွင်းအရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန် Julie Bishop နဲ့ အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn တို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာရှိတဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ လူသားချင်းစာနာကူညီမှု လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ကပြောကြားလိုက်ပါတယ်။
ရှမ်းပြည်နယ် နောင်ချို၊ ကျောက်မဲနဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့တွေမှာ စစ်ကောင်စီနဲ့ TNLA-PDF ပူးပေါင်းတပ်တွေ အကြား တိုက်ပွဲတွေဟာ ဆက်လက်ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် အရပ်သား ထိခိုက်မှုတွေ ဆက်ရှိနေပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ် အမှတ် ၅၄ ကို လေလံ ကြမ်းခင်းစျေးသစ် အဖြစ် အရင်သတ်မှတ်ထားတဲ့ နှုန်းထက် လျော့ချပြီး သြဂုတ်လ ၁၅ ရက်နေ့မှာ ထပ်မံ လေလံတင်ရောင်းချဖို့ တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း နီးစပ်သူတွေက ဗွီအိုအေကိုပြောပါတယ်။
တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ သမ္မတဟောင်းဦးသိန်းစိန်နဲ့ အဖွဲ့ဟာ မနေ့က တရုတ်နိုင်ငံကို ထွက်ခွာသွားပါတယ်။ ရန်ကုန်တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့- တရုတ်နိုင်ငံမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက် ထုတ်ပြန်တဲ့ နှစ် ၇၀ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ အတွက်ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ရဲ့ စျာပန အခမ်းအနားကို ဆရာတော်ကျောင်းဖြစ်တဲ့ ပဲခူးမြို့ ၀င်းနိမ္မိတာရုံ ကျောင်းမှာ ဒီကနေ့ ကျင်းပနေပါတယ်။ အနယ်နယ်အရပ်ရပ်က ဆရာတော် သံဃတော်တွေ ရာနဲ့ချီ ကြွရောက်ပြီး ဆရာတော် ရုပ်ကလပ်တော်ကို နောက်ဆုံးအနေနဲ့ ပူဇော်တဲ့ အနေနဲ့ တရားဓမ္မတွေ ဟောကြားနေပါတယ်။
မြန်မာပြည်တွင်းက စစ်ဘေးသင့်ပြည်သူတွေကို လှူဒါန်းဖို့နဲ့ မြန်မာပြည်အရေး နိုင်ငံတကာကပိုသိအောင် မြန်မာနိုင်ငံသားနှစ်ယောက်ဟာ မဲဆောက်ကနေ ဘန်ကောက်အထိ စစ်ဘီးစီး စစ်ဘေးရှောင်ရန်ပုံငွေအတွက်ရည်ရွယ်ပြီး မဲဆောက်ကနေဘန်ကောက်အထိ မိုင် ၃၀၀ ကျော်ခရီးကို မြန်မာနှစ်ဦးက စက်ဘီးနင်း ပြသခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေဆက်ဖြစ်နေပြီး နောက်ဆက်တွဲ သက်ရောက်မှုတွေကို စိုးရိမ်ကြောင်းနဲ့ မြန်မာနိုင်ငံအတွင်းက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးဖို့ အိန္ဒိယ နိုင်ငံရေးခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။
TNLA တအန်းတပ်ဖွဲ့က မိုးတွင်းကာလကြီးမှာပဲ မန္တလေးနဲ့နီးစပ်တဲ့မြို့တချို့ကို တပြိုင်တည်း ထိုးစစ်ဆင်လာတာ ထူးခြားတယ်လို့ သုံးသပ်ကြပါတယ်။
အမေရိကန် နိုင်ငံခြားဝန်ကြီးဌာနရဲ့ ၂၀၂၃ ခုနှစ်အတွက် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ ဆက်ဖြစ်နေတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ရိုဟင်ဂျာတွေ အပါအဝင် လူနည်းစု လူမျိုးစုနဲ့ ဘာသာဝင်တွေအပေါ် ဖိနှိပ်မှုတွေအကြောင်း မီးမောင်းထိုး ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်၊ အင်ဖာအကျဥ်းထောင်မှာ အစာအငတ်ခံဆန္ဒပြနေကြတဲ့ မြန်မာအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ လာရောက်ညှိနှိုင်းခဲ့ပေမဲ့ အကျဉ်းသားတွေတောင်းဆိုနေတဲ့ ထောင်က အမြန်ဆုံးလွှတ်ပေးဖို့ ကိစ္စကိုတော့ အာဏာပိုင်တွေဘက်က လက်မခံသေးပါဘူး။
“မယ့်စလောင်းတောင်ကို မနေ့ကမနက်ပိုင်း ရှင်းလင်းရေးလုပ်နိုင်ခဲ့တယ်ပေါ့နော်။ တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်တဲ့အခါမှာ စစ်ကောင်စီဘက်က ဆုတ်ခွာသွားတာဖြစ်ပါတယ်။ ကျန်တဲ့အခြေအနေအသေးစိတ်ကိုတော့ ဆက်သွယ်ရေး အခက်အခဲကြောင့် မသိရသေးပါဘူးခင်ဗျ။”(တာအယ်စိုး- KNDF ဗဟိုပြန်ကြားရေးတာဝန်ခံ)
နောက်ထပ်ကြည့်ရှုရန်