မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှု Genocide အမှုနဲ့ ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံး ICJ မှာ စွဲထားတဲ့အမှုကို ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်နဲ့ Maldives နိုင်ငံတွေက ကြားဝင်ပြီး ပါဝင်ခွင့်ပြုထားကြောင်း ICJ က မနေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
မြန်မာ့အရေး ဖြေရှင်းဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အခုနောက်ဆုံး ပြောင်းလဲဖြစ်ထွန်းမှုတွေအပေါ် မူတည်ပြီး တုံ့ပြန်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံအကျပ်အတည်းကိုဖြေရှင်းရာမှာ နောက်လာမယ့် အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို အင်ဒိုနီးရှားက ပံ့ပိုးကူညီမှာဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီ (Retno Marsudi) က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရတဲ့ မြန်မာသတင်းထောက် ကိုထက်အောင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ဇူလိုင်လ ၂ ရက်နေ့က ထပ်မံတောင်းဆိုလိုက်ပါတယ်။
အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက်ဟက်ဇ်ဘိုလာအဖွဲ့တို့ကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဟက်ဇ်ဘိုလာ အကြီးတန်းတပ်မှူးတဦး သေဆုံးခဲ့တယ်လို့ ဟက်ဇ်ဘိုလာက ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း တကျော့ပြန်ဖြစ်လာတဲ့ တိုက်ပွဲတွေဟာ ဒေသလွတ်မြောက်ရေးသက်သက်မဟုတ်တော့ဘဲ နွေဦးတော်လှန်ရေးရဲ့အစိတ်အပိုင်းအဖြစ် တနိုင်ငံလုံး စစ်အာဏာရှင်လွတ်မြောက်ရေးတိုက်ပွဲပုံစံဖြစ်လာတယ်လို့ သုံးသပ်သူတချို့ ယူဆပါတယ်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်ဒေသမှာ စစ်ကောင်စီစစ်ကြောင်းကြောင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ရွာခံတွေက ပြောပါတယ်။ ထိတွေ့တိုက်ပွဲတွေကြောင့် တော်လှန်ရေးအဖွဲ့တွေဘက်က တချို့သေဆုံးတာရှိသလို၊ဒေသခံအရပ်သားတဦးလည်း သေဆုံးတယ်လို့သိရပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ၇ သိန်းခွဲနီးပါးအတွက် လူသားချင်းစာနာမှုအကူအညီတွေ အထူးလိုအပ်နေကြောင်း ဒုက္ခသည်စခန်း တာ၀န်ရှိသူတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက အချက်အချာကျတဲ့ လားရှိုးမြို့ သိမ်းပိုက်နိုင်ရေး MNDAA ကိုးကန့်တပ်က ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ အင်္ဂါနေ့ည သန်းခေါင်အချိန်ကစတင် မြို့အနီးတဝိုက် ထိုးစစ်ဆင်နေသလို စစ်ကောင်စီဘက်က မြေပြင်က လက်နက်ကြီးနဲ့ရော လေကြောင်းအကူတွေနဲ့ပါ ပြန်လည် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်း မတ္တရာမှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်းအပါအဝင် စစ်ကောင်စီစခန်းပေါင်း ၇ ခုသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် (မန္တလေး) ပြောခွင့်ရက ဗွီအိုအေကိုပြောပါတယ်။
ဗြိတိန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေရဲ့ တောင်းဆိုချက်အရ ကျင်းပတဲ့ အစည်းအဝေး ဖြစ်ပြီး ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကြီးအကဲ Joyce Msuya က မြန်မာနိုင်ငံ အခြေအနေကို အစီရင်ခံ တင်ပြမယ်လို့ ခန့်မှန်းရပါတယ်။ ဆွေးနွေးပွဲ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဂျပန်နိုင်ငံကို မြန်မာစစ်ကောင်စီက ချစ်ကြည်ရေး လက်ဆောင်အဖြစ် ဆင် ၄ ကောင်ပေးပို့ဖို့ စီစဉ်နေပေမဲ့ ဒီဆင်တွေကို လက်မခံဖို့ ဂျပန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက ဂျပန်အစိုးရကို တောင်းဆိုနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်