မြန်မာနိုင်ငံအခြေအနေဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု အန္တရာယ်ရှိနိုင်တာကိုတွေ့ရတဲ့အတွက် စင်္ကာပူငွေကြေးအာဏာပိုင်အဖွဲ့ MAS က စင်္ကာပူဘဏ်အဖွဲ့အစည်းနဲ့ လက်တွဲပြီး တားဆီးဖို့ကြိုးစားခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံကို လက်နက်ရောက်စေမယ့် ငွေကြေးလွှဲပြောင်းမှု မလုပ်ခဲ့ကြောင်းပြောပါတယ်။
စစ်ကောင်စီလက်နက်ဝယ်ယူတာမှာ နိုင်ငံတကာဘဏ်တွေ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တချို့ ပါဝင်နေတယ်လို့ လူ့အခွင့်အရေးကောင်စီကို တင်ပြတဲ့ အစီရင်ခံစာကို မြန်မာဘက်က ကန့်ကွက်လိုက်ပါတယ်။
နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်တောင်ပိုင်း သံတွဲမှာ စစ်ကောင်စီဘက်က မြေပြင်ကသာမက ရေကြောင်းရော လေကြောင်းနဲ့ပါ တိုက်ခိုက်နေသလို အာရက္ခတပ်တော် AA ဘက်ကလည်း ဆက်လက် ထိုးစစ်ဆင် တိုက်နေပါတယ်။
ညီနောင်မဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ပြန်စနေချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့က တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးမှုတွေလည်း ရှိနေပါတယ်။ လက်ရှိအချိန်အထိ ကျောက်မဲနဲ့ မိုးကုတ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
ထိုင်းနဲ့ မြန်မာနိုင်ငံကြား ငွေကြေးအလွှဲအပြောင်းလုပ်မှုတွေမှာ တရားမဝင်လုပ်ခဲ့တာ မရှိဘူးလို့ Siam Commercial Bank (SCB) က ရှင်းလင်း တုံ့ပြန်လိုက်ပါတယ်။
ထိုင်းမူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ (NACC) ကနေ ၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၄ ခုနှစ် ဇွန်လအထိ ၉ လအတွင်း ထိုင်းနိုင်ငံမှာ စိတ်ကြွဆေးပြား သန်း ၅၀၀ ကျော်ဖမ်းမိကြောင်းနဲ့ ဖမ်းမိတဲ့စိတ်ကြွဆေးအများစုဟာ မြန်မာနယ်စပ်နဲ့ထိစပ်နေတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ထူးခြားချက်ဟာ ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေးနဲ့ ပူးပေါင်းပြီး နယ်မြေသိမ်းတိုက်ပွဲတွေ အရှိန်အဟုန်နဲ့ စတင်နိုင်တာဖြစ်တယ်လို့ တိုက်ပွဲကို အဓိကဦးဆောင်နေတဲ့ တအန်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA ပြောခွင့်ရ လွေးယေဦး က ဗွီအိုအေကိုပြောပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပိုပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှုအနေနဲ့ Burma Act မြန်မာနိုင်ငံဆိုင်ရာအက်ဥပဒေနောက်ဆက်တွဲအဖြစ် BRAVE Burma Act ဥပဒေမူကြမ်းတရပ် တင်သွင်းဖို့ရှိတယ်လို့ Burma Caucus အဖွဲ့ရဲ့ ပူးတွဲဥက္ကဋ္ဌ ရီပတ်ဘလစ်ကန်အမတ် Bill Huizenga (ဘင်လ် ဟိုင်ဇင်ဂါ) က ကြေညာလိုက်ပါတယ်။
"ဆေးလုံးတွေဘာတွေ ဝယ်မယ့်နေရာကလည်း အဝေးကြီးတွေဆိုတော့လေ။ အဲဒီရွာကလူကြီးတွေ ကျနော့်ဆီလာကြတယ်။ ကူညီပေးနိုင်မယ့် အဖွဲ့အစည်းများရှိရင်တော့ စားဆေးတို့၊ ထိုးဆေးတို့ပေါ့နော်။ အဲဒါတွေ အကူအညီအမြန်ဆုံး လိုအပ်တယ်လို့တော့ လာပြောတယ်။ အဲဒီရွာတွေမှာ အရင်တုန်းကတော့ အဲလိုဖြစ်တယ်ဆိုတာ မကြားဖူးဘူး
ချင်းညီနောင်အဖွဲ့ဟာ မတူပီမြို့နယ်တွင်း စစ်ကောင်စီရဲ့ကာကင်းတချို့ သိမ်းပိုက်ရရှိထားပြီး ဗျူဟာစခန်းနဲ့ ခလရ (၁၄၀) တပ်စခန်းကို ဆက်ပြီး တိုက်ခိုက်နေတယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့- မတူပီတပ်မဟာ(၁)က ပြောပါတယ်။
စစ်တပ်က ပစ်ခတ်လို့ ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ ပဲခူးမြို့မှာကျင်းပခဲ့တာမှာ အနယ်နယ်အရပ်ရပ်က ဆရာတော်၊ သံဃာတော်တွေ ရာနဲ့ချီ ကြွရောက်လာပြီး တရားဓမ္မတွေ ဟောကြားခဲ့သလို၊ လူပေါင်း ရာချီ ဆရာတော်ကြီးကို နောက်ဆုံးလာရောက် ဂါရဝပြုခဲ့ကြပါတယ်။
စစ်တပ်က ပစ်ခတ်လို့ ပျံလွန်တော်မူခဲ့တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ပဲခူး ဆင်ဖြူကွင်းသုသာန်မှာ ဒီကနေ့ မီးပူဇော်ခဲ့ပါတယ်။။ ကျန်ရှိတဲ့ အရိုးပြာတွေကို စစ်တောင်းမြစ်ထဲမှာ မျှောသွားဖို့လည်း စီစဉ်ထားပါတယ်
နောက်ထပ်ကြည့်ရှုရန်