ထိုင်းမြန်မာနယ်စပ်က အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေလက်ထဲ ရောက်နေတဲ့ မော်ရိုကိုနိုင်ငံသား ၂၁ ယောက် လွတ်မြောက်ရေး ကူညီဖို့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ Exodus Road က ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကို တောင်းဆိုလိုက်ပါတယ်။
ရခိုင်တောင်ပိုင်း သံတွဲမြို့ ငပလီကမ်းခြေတလျောက်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေ သီတင်း ၁ ပတ်ကျော်ကြာ ဆက်လက်ပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်က သံတွဲမြို့အနီးတဝိုက် လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်နေရာမှာ မနေ့က ထိခိုက်ဒဏ်ရာရ သူတွေရှိနေကြောင်း ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
တိုင်းရင်းသားဒေသတွေ အပါအဝင် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် အရပ်သားတွေ ထိခိုက်မယ့်အရေး ကုလသမဂ္ဂနဲ့ အမေရိကန်တို့က သတိပေးနေပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ယူတီကာ (Utica) မြို့မှာ အသက် ၁၃ နှစ်အရွယ် ကရင်လူငယ်တဦးဟာ ရဲတပ်ဖွဲ့ဝင်တွေ စစ်ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ရာက သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အသေအချာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ မြို့တော်ဝန်က ပြောကြားလိုက်ပါတယ်။
ကချင်ပြည်နယ် မေခ-မေလိခ မြစ်ဆုံနဲ့ ဧရာ၀တီမြစ်ရေ တွေ တရှိန်ထိုးမြင့်တက်လာတာကြောင့် မြစ်ကြီးနားနဲ့ ဝိုင်းမော် ဘက်တွေမှာ ဒေသခံပြည်သူ သောင်းနဲ့ ချီ ဘေးလွတ်ရာမပြေးနိုင်ပဲ ပိတ်မိနေကြောင်း ကူညီကယ်ဆယ်ရေး စေတနာ့၀န်ထမ်းတွေက ဗွီအိုအေကိုပြောပါတယ်။
မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆန်ဈေးတွေ အမဆတန် အကျိုးအမြတ်တွေ ရယူရောင်းချခဲ့တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဂျပန်နိုင်ငံသား Hiroshi Kasamatsu ကို အစောဆုံး ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရ ပြောခွင့်ရ Yoshimasa Hayashi က မြန်မာစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။
သတ်မှတ်ဈေးနှုန်းထက် အမြတ်တင်ရောင်းချတယ်ဆိုတဲ့ ဆန်လုပ်ငန်းရှင် ၂၄ ဦးကို ဒဏ်ကြေးနဲ့အခွန်စည်းမျဉ်းတင်းကြပ်ပြီး ဆန်လုပ်ငန်းရှင် ၇ ဦးကိုတော့ တရားစွဲဆိုအရေးယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ဒွိုင်စကက်မြို့နယ်ထဲက နေအိမ်ခြံ၀င်းတခုကို ဆိုက်ဘာရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းခဲ့ရာမှာ မြန်မာနဲ့တရုတ်နိုင်ငံသားတွေပါတဲ့အွန်လိုင်းလိမ်လည်ဂိုဏ်း၀င် ၁၃ ဦးကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ချင်းမိုင် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ Utica မြို့မှာ အသက် ၁၃ နှစ်အရွယ် ကရင်လူငယ်တဦးဟာ ရဲတပ်ဖွဲ့ဝင်တွေ စစ်ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ရာက သေဆုံးခဲ့တဲ့ဖြစ်စဉ်အတွက် ရဲတပ်ဖွဲ့က ရှင်းလင်းခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေပြောင်းကလေးငယ်တွေ ဖမ်းဆီးခံရပြီးနေရပ်ပြန်ပို့တာ ရွှေ့ပြောင်းကျောင်းတွေကို ပိတ်ပင်တာတွေနဲ့ ပတ်သက်လို့ ကူညီပေးဖို့ ထိုင်းလူ့အခွင့်ရေးကော်မရှင်ကို ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)က တာဝန်ရှိသူတွေက သွားရောက်တွေ့ဆုံခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ လားရှိုးဘက် စစ်ရေးအရှိန် ဒီနေ့စမြှင့်လိုက်ပြီလို့ TNLA တအာင်းတပ်က ပြောလိုက်ပါတယ်။ မြောက်ပိုင်း တိုင်းရင်းသား ညီနောင် ၃ ဖွဲ့ရဲ့ တကျော့ပြန် စစ်ဆင်ရေး ၅ ရက်မြောက်နေ့မှာ MNDAA ကိုကန့်အဖွဲ့ ဦးဆောင်ပြီး စစ်ရှိန်မြင့်လိုက်တာ ဖြစ်တယ်လို့ TNLA ပြောခွင့်ရ လွေးယေဦးက VOA ကို ပြော
တရုတ်ရဲ့ အိမ်နီးချင်း မြန်မာ၊ အိန္ဒိယနိုင်ငံတို့နဲ့ ဆက်ဆံရေးမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူ ၅ ချက်ကို အဓိကထားတယ်လို့ တရုတ်သမ္မတ Xi Jinping က ပြောကြားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်